တိုက်ချိချွမ်ပညာအကြောင်း (TAI JI QUAN )
မြန်မာနိုင်ငံတိုက်ချိအားကစားသိုင်းပညာကို(SAYAMYOMIN)ဆရာမျိုးမင်းထံတွင် စနစ်တကျသင်ယူနိုင်ပါသည်ဆရာသည် ပြင်ပနိုင်ငံများသိုမကြာခဏခရီးထွက်ပြီးတိုက်ချိချွမ်စာအုပ်နှင့်အခွေများ ၀ယ်လေ့ရှိပါသည်။ဆရာထံတွင်စာအုပ်နှင့်အခွေများတောင်းယူနိုင်ပါသည်။ဆရာသည်ထိုက်ချိပညာကို နှစ်ပေါင်းများစွာလေ့လာခဲ့သူတစ်
ဦးဖြစ်ပါသည်။ကိုယ်ခံပညာရပ်များနှင့်ပက်ပြီးသိလိုတာများရှိပါကဆရာ့ထံသို.အချိန်မရွေးမေးမြန်းနိုင်ပါသည်
Saya Myo Gyi ( Yang StyleTaijiquan Instructor ) |
ထိုက်ချိပညာမှ ယင်နှင့်ယန်
(Ying And Yang )
ထိုက်ချိပညာသည်တရုတ်လူမျိုးတို့၏ရှေးဟောင်း တာအိုဒဿနမှ ယင်နှင့်ယန် (Ying And Yang) ) သဘောတရားအပေါ်အခြေခံထားခြင်းဖြစ်သည်။ ယင်နှင့်ယန် ဆိုသည်မှာဤစကြဝဠာအတွင်း၌ ထာဝစဉ်ဖြစ်ပျက်နေသော အစွမ်းသတ္တိနှစ်မျိုးဖြစ်သည်။ ထိုနှစ်မျိုးသည် တစ်မျိုးအပေါ်တစ်မျိုးက လိုတာဖြည့်စွက်ပေးပြီး တစ်မျိုးအပေါ်တစ်မျိုးက အမှီသဟဲပြုနေခြင်းဖြစ်သည်။
ဖော်ပြပါအမှတ်တံဆိပ်တွင် ယင်နှင့်ယန်သည် အရာတစ်ခုလုံးတွင် အပြန်အလှန်ချိတ်ဆက်နေသော အပိုင်းနှစ်ခုဖြစ်၏ ထိုအပိုင်းနှစ်ခုထဲတွင် တစ်ပိုင်း၏သတ္တိတစ်ပိုင်း၌ပါရှိသည်။
ယင်နှင့်ယန်သည်စကြဝဠာအတွင်းရှိမည်သည့်အရာပေါ်တွင်မဆို ကိုယ်စားပြုနိုင်သည်။ ယင်( Ying)သည် မဟုတ်မမှန်မဖြစ်ခြင်း၊ ငြိမ်သက်စွာခံခြင်း၊ နူညံ့သိမ်မွေ့ခြင်း၊ အမဖြစ်ခြင်း၊ လ၊ မှောင်ခြင်း၊ ည စသည်တို့ကို ကိုယ်စားပြုသည်။ စက်ဝိုင်းပုံစံ၏အခြား တစ်ခြမ်းဖြစ်သော၊ ယန်( Yang ) သည် ဟုတ်ခြင်း၊ မှန်ခြင်း၊ ဖြစ်ခြင်း၊ ပြုလုပ်စွမ်းဆောင်ခြင်း၊ မာခြင်း၊ အဖိုဖြစ်ခြင်း၊ နေ၊ လင်းခြင်း၊ နေ့ခင်းအချိန် စသည်တို့ကို ကိုယ်စားပြုသည်။
ကိုယ်ခံပညာရှင်( Martialtists)တွေ များသောအားဖြင့် မှားနေခြင်းသည် ဤအစွမ်းသတ္တိနှစ်ခုဖြစ်သော ယင်နှင့်ယန်သည်အပျော့သိုင်း(Soft)နှင့်အမာသိုင်း(Hard)ဟူ၍နှစ်မျိုးရှိသည်ဟု ထင်မှတ်ခြင်းပင်ဖြစ်သည်။ သို့သော် ယင်နှင့်ယန်သည်အပြန်အလှန်လှုပ်ရှားနေလျက်ရှိသောခွဲမရနိုင်သည့်အစွမ်းသတ္တိတစ်ခုအနေဖြင့် ဒွန်တွဲနေလျက်ရှိသည်။ ၄င်းတို့သည် အကြောင်းတရားလည်းမဟုတ် အကျိုးတရားလည်း မဟုတ်ပေ၊ ၄င်းတို့သည် အသံနှင့်ပဲ့တင်သံ၊ အလင်းရောင်နှင့် အရိပ်မှောင်ကဲ့သို့ဖြစ်သည်ဟု မှတ်ယူရမည်။ ယင်နှင့်ယန်ကို ကွဲပြားခြားနားသော အရာနှစ်ခုဖြစ်သည် မှတ်ယူပါလျှင် ထိုက်ချိမူလပင်မအမှန်တရားကို သိရှိနိုင်မည်မဟုတ်ပေ။
မာကျောမှုသည် ပျော့ပျောင်းမှုထဲ၌ ကိန်းအောင်လျက်ရှိ၏ ပျော့ပျောင်းမှုသည် မာကျောမှုထဲ၌ ကိန်းအောင်းလျက်ရှိ၏ လှုပ်ရှားမှု၌ ငြိမ်သက်မှုပါဝင်သည်။ ငြိမ်သက်မှု၌ လှုပ်ရှားမှုပါဝင်၏ ပုံထဲ၌ပါရှိသော အမည်းပိုင်းနှင့်အဖြူပိုင်းသည် ဤအချက်ကို သရုပ်ဖော်ပြရန်အတွက် ဖြစ်ပေသတည်း။
(ယင်/ယန်)အဖြူအမဲအမှတ်အသားသည်သဘာဝလောကကြီးကိုတနေရာတည်း၌ မြင်နိုင်အောင်ဖန်တည်းထားခြင်း ဖြစ်သည်။ ထိုက်ချိချွမ်သမားသည် အပူ၊ အအေး၊ အလင်း၊ အမှောင်၊ အနိမ့်၊ အမြင့်၊ အဆိုး၊ အကောင်း၊ ဝမ်းနည်း၊ ဝမ်းသာ စသည်တို့ကို ဘဝတလျှောက်လုံး၊ ကြုံတွေ့ ကြရမည် ဖြစ်ပြီး တခါတရံ အမဲခြမ်းဘက်မှ အဖြူစက်ကလေးကဲ့သို့ဘဝ၏ မဲမှောင်နက်ရှိုင်းသော အဆိုးတွေနှင့် ကြုံတွေ့နေရသော်လည်း မျှော်လင့်ချက် ရောင်ချည်ကလေးရှိးသည်ကို သိထားရပေမည်။
တခါတရံ ဘဝတစ်ခုလုံး စိုပြေလန်းဆန်းနေပြီး အေးချမ်းကာအရာရာပြေပြစ် ချောမောနေ သော်လည်း အဖြူခြမ်းဘက်မှ အမဲရောင်အစက်ကလေးကဲ့သို့ အကောင်းထဲမှာလည်း အဆိုးတရားများ ရှိနိုင်သည်ကို သိထားရပေလိမ့်မည်။ သို့မှသာ ဘဝ၏အစွန်းရောက် အပြုအမူ အကျင့်အကြံများ အလုပ်မိဘဲ ရှောင်ရှားနိုင်ပေမည်။
ထိုက်ချိချွမ်သမားများကို သဘာဝအတိုင်း လိုက်လျောညီထွေစွာနေထိုင်တတ်စေရန် သဘောတရားများ နှင့်ရှင်းလင်း သင်ကြားပေးထားသဖြင့် သဖြင့်သင်တန်းသားများ အလွယ်တကူသဘောပေါက်
နားလည်နိုင်ကြပါသည်။
Pushing – hands (လက်တွန်းပညာ)
ထွေ့စို့ ( Pushing -
Hands ) လက်တွန်းပညာ၏ နည်းစနစ်များ
..
၁။ ခြေရပ်တည်ပုံစံ [ Posture ]
မာပု /
ကုန်းပု /စီးပု / လီွးပ
၂။ လက်ဝါးပုံစံအနေအထား (၇) မျိုး [
Plam Position ]
3။ တစ်ဦးတည်းလေ့ကျင့်ခြင်း [ Single – Exercise ]
၎။ နှစ်ယောက်တွဲလေ့ကျင့်ခြင်း [ Duet – Exercise ]
၅။ လက်တစ်ဖက်လေ့ကျင့်ခြင်း [ Single hands Pushing ]
၆။ လက်နှစ်ဖက်လေ့ကျင့်ခြင်း [ Double hands Pushing ]
၇။ အခြေခံလက်တွန်း နည်းစနစ် (၄)မျိုး [ Four Basic Techniques ]
( လွဲဖယ်ခြင်း၊ ဖိခြင်း၊ လှိမ့်ခြင်း၊ တွန်းခြင်း [ Warding , Pressing , Rolling , Pushing ]
၈။ တွန်းသည့်လမ်းကြောင်းပုံစံ [ Pushing Direction
]
(၁) ရေပြင်ညီ စက်ဝိုင်းတွန်းခြင်း [ Horizontal Circling ]
(၂) ဒေါင်လိုက်စက်ဝိုင်းအတိုင်းတွန်းခြင်း [ Vertical Circling ]
၉။ ပုံစံသေခြေရပ်နည်းစနစ် [ Fixed stand (or) Step ]
(၁) ခြေတူရပ်ခြင်း [ Same Step ]
(၂) ဆန့်ကျင်ဘတ်ခြေရပ်ခြင်း [ Opposite Step ]
၁၀။ ခြေရွေ့လျှားနည်းစနစ်များ [ Moving Step ]
(၁) ခြေတစ်လှမ်းတက်ခြင်း / ဆုတ်ခြင်း [ One Step Forward and Backward ]
(2) ဆက်တိုက်တက်ခြင်း / ဆုတ်ခြင်း [ Continuous Step ]
(3) ခြေလှမ်းကျဲကျဲနိမ့်နိမ့် / ဆုတ်ခြင်း [ Big and Low Step ]
(၄) အလွတ်ပုံစံခြေတက်ခြင်းတက်ခြင်း / ဆုတ်ခြင်း [ Free Step ]
၁၁။ နည်းဗျူဟာ (၉) မျိုး [ Nine Tactices ]
၁၂။ အား (၈) မျိုး [ Jing or Eight Energy ]
၁၃။ သီအိုရီနှင့် စည်းမျဉ်းများ [ Theory and Principle of
Taiji Pushing-Hands ]
ထိုက်ချိချွမ် ( Taijiquan )
ထိုက်ချိချွမ် ( Taichiquan Form )
သင်ယူခြင်း (Learning ) - လေ့ကျင့်ခြင်း ( Praticing )
- သင်ကြားခြင်း (Teaching )
လက်နက်မဲ့ထိုက်ချိချွမ်(Free hand )(သို့)လက်နက်
( Weapon ) ဖြင့် ကစားရသော ထိုက်ချိချွမ်ပညာရပ်၏ ပုံစံအမျိုးမျိုး ( Styles ) အကွက်အမျိုးမျိုး( Form )တို့ကိုသင်ယူလေ့ကျင့်သင်
ကြားရာတွင် အောက်ပါအစဉ်အတိုင်း သတ်မှတ်ချက်များကို အထူးဂရုထားပြီးတဆင့်ချင်းပြုလုပ်ရပါမည်
(1) Movements ( လှုပ်ရှားမှုအကွက်များ (သို့) ဖောင်ကိုလေ့လာခြင်း )
(၂) Breathing ( အသက်ရှုနည်းစနစ်ကို
ထည့်သွင်းလေ့လာခြင်း )
(၃) Concertration ( အာရုံစူးစိုက်မှု ပုံစံကိုလေ့လာခြင်း )
(4) Application ( အကွက်များ၏
အသုံးချနိုင်မှုကိုလေ့လာခြင်း )
(1)Movements (လှုပ်ရှားမှုအကွက်များ (သို့) ဖောင်ကိုလေ့လာခြင်း )
ထိုက်ချိချွမ်
ပညာ၏ ( 8 ၊ 16 ၊ 18 ၊ 24 ၊ 32 ၊ 36 ၊48 ၊ 56 ၊ 88 ၊ 108 ) စသည့် ဖေါင်(Form)
များကိုသင်ယူ လေ့ကျင့်ရာတွင်
ဦးစွာပထမ အကွက်တစ်ခုခြင်းကို စနစ်တကျ သေသပ်၊တိကျ ၊ကျွမ်းကျင်
အောင်ပြုလုပ်ရပါမည်။
ထို့နောက် အကွက်အားလုံးကို ပေါင်းစပ်ကာ ဖေါင်တစ်ခုလုံးကို
အစမှအစုံးထိတိုင်
အောင် စဉ်ဆက်မပြတ် ချောမွတ်အောင်ကစားရပါသည်။
(၂) Breathing ( အသက်ရှုနည်းစနစ်ကို
ထည့်သွင်းလေ့လာခြင်း )
ဖေါင် (taiji form)တစ်ခုလုံး၏ လှုပ်ရှားမှုများကို စဉ်းစားစရာမလိုပဲလှုပ်ရှားကစားနိုင်လာသောအခါ
အကွက်တစ်ခုချင်းစီတွင် အသက်ရှုမှု ( Breathing) ကိုပါထပ်မံပေါင်းစပ်ပြီး ကစားရပါသည်။ ထို့နောက်
ဖေါင်တစ်ခုလုံး (သို့) လှုပ်ရှားမှုအားလုံးကို
အသက်ရှုနည်းစနစ်များထည့်သွင်းကာ ကစားရပါသည်။
(၃) Concertration ( အာရုံစူးစိုက်မှု ပုံစံကိုလေ့လာခြင်း )
ဖေါင်၏တစ်ခုလုံးကို
အသက်ရှုမှုနှင့်အတူ အဆက်မပြတ်ကျွမ်းကျင်စွာ လှုပ်ရှားကစား နိုင်လာသော
အခါတတိယအဆင့်အနေဖြင့်
လှုပ်ရှားမှုတိုင်းတွင်သတ်မှတ်နေရာများကို ဖေါင်အစမှအဆုံးထိတိုင်အောင်
အထူးအာရုံစူးစိုက်ထားရပါမည်။ ဘေးပတ်ဝန်းကျင် သို့ စိတ်ပျံလွှင်မှုမဖြစ်စေရပါ။
(၄) Application (
အကွက်များ၏အသုံးချမှု / ခုခံမှုကိုလေ့လာခြင်း )
လက်သိုင်းဖေါင်(သို့)ဓားသိုင်းဖေါင်တစ်ခုလုံးကို လှုပ်ရှားမှု
(Movement)၊ အသက်ရှုမှု (Breathing ) အာရုံစူးစိုက်မှု
( Concentration )၊တို့ဖြင့် တိကျမှန်ကန်ချောမွတ်စွာ အစမှအဆုံးထိတိုင်အောင် စဉ်ဆက်မ
ပြတ်ကစားနိုင်ရုံဖြင့် မလုံလောက်ပဲ အကွက်တစ်ခုချင်းစီ၏
ရန်သူအားခုခံမှု၊ ပြန်လည်တိုက်ခိုက်နိုင်မှုပုံစံ တိုကို ကျွမ်းကျင်အောင် စနစ်တကျအဖေါ်နှင့်အတူ
အပြန်အလှန်လေ့လာလေ့ကျင့်သင့်ပါသည်။
မှန်ချက်
အထက်ပါအချက်(၄)ချက်ကိုမိမိကသူတပါးထံမှသင်ယူခြင်း(Learning)၊မိမိကိုယ်တိုင်လေ့ကျင့်ခြင်း
( Praticing ) ၊ အခြားသူများကိုပြန်လည်ပြီးသင်ကြားခြင်း
( Teaching )၊တို့တွင် နံပတ်စဉ် တစ်၊ နှစ် ၊သုံး၊ လေး၊အဆင့်များကိုအစဉ်အတိုင်း တစ်မျိုးကျွမ်းကျင်ပါ
မှနောက်တစ်မျိုးကိုထပ်မံ ပြီးတစ်ဆင့်ခြင်းလေ့ကျင့်
သွားရပါမည်။
အတိုချုပ်မှာ …………
[ လှုပ်
- ရှု - စိုက် - သုံး ]
( M B C A )
ထိုက်ချိချွမ် ( Taijiquan )
ကျန်းမာရေး နှင့် ပြိုင်ပွဲဝင်အားကစား
ရှေးအစဉ်အဆက်ထိုက်ချိချွမ်ဆရာကြီးများတို့၏အဆိုအမိန့်များး
( ကျောက်စောင်းထက်၊ ရေစောင်းထက်၏ )
ကျောက်စောင်းသည်
မာကျောခိုင်ခံ့သော်လည ပျာ့ပျောင်းညင်သာသောရေစိးကြောင်း၏ကြိမ်ဖန်များစွာ တိုက်စားမှုကိုခံ၇သောအခါ
ပွန်းပဲ့ကြေမွပျက်စီးတတ်ပါသည်။
1 - (သွားသည်မာ၏ သို့သော်တာရှည်မခံပါ၊ လျှာသည်ပျော့ပျောင်းသော်လည်း
သေသည့်အထိခံ၏၊)
မာကျောကျစ်လှစ်လှသောသွားများသည်အသက်အရွယ်ကြီးမြင့်လာသောအခါ ကျိုးပဲ့ကျေမွပျက်စီးတတ်သော်လည်း ပျော့ပျောင်းသောလျှာကမူ
သေသည့်အထိတာရှည်ခံနိုင်ံပါသည်
(
သစ်ပင်ထက် ၀ါးပင်ကပို၍ ခိုင်ခံ၏ )
ထုထည်ကြီးမားပြီးတုတ်ခိုင်မာကြောလှသောသစ်ပင်ကြီးတို့သည်ပြင်းထန်သောလေပြင်းမှုန်တိုင်း၏တိုက်ခိုက်ခြင်းကိုခံရသောအခါ
အကိုင်းအခက်အလက်တို့သည်ကျိုးပဲ့ကြေ၍၊အမြစ်မှကျွတ်ကှာပြိုလဲ နိုင်သော်လည်း၊ ပျော့ပျောင်း
သေးငယ်သောဝါးပင်တို့သည် လေတိုက်ခိုက်ရာလမ်းကြောင်းသို့ အလိုက်သင့်ယိမ်းနွဲ့လိုက်ပါပြီလပြင်း၊မိုးပြင်းတို့၏ကိုအလွယ်တကူရင်ဆိုင်တွန်းလှန်နိုင်ပါသည်။
( လေးအောင်စမျှသာအလေးချိန်ရှိသောနဖားကြိုးက ပေါင်တစ်ထောင်ရှိသော နွားကြီးကိုထိန်းချုပ်နိုင်သည်။)
ခွန်အားကြီးမား၍သန်စွမ်းလှပြီးရုန်းကန်နေသည့် ပေါင်တစ်ထောင်မျှအလေးချိန်ရှိသော နွားကြီးကို ထွက်မပြေးစေရန်၊လွတ်ထွက်မသွားရန်ဖမ်းချုပ်ဖက်ထား၍မရသော်လည်း လေးအောင်စမျှသာ အလေးချိန်ရှိသည့်နဖားကြိုးကိုဖမ်းကိုင်ထားခြင်းဖြင့်လွယ်ကူသက်သာစွာထိန်းချုပ်ဖမ်းထားနိုင်ပါသည်။
-
(မိမိတွင်အင်အားပေါင်တစ်ရာတည်းရှိ၍ ပေါင်တစ်ထောင်အလေးချိန်ပိကျမှာကိုပူစရာမလိုပါ)
မိမိတွင်အင်အားပေါင်တစ်ရာသာရှိ၍မိမိအပေါ်ပိကျလာသော ပေါင်တစ်ထောင်အလေးချိန်ကိုကြောက်လန့်စွာရင်ဆိုင်တွန်းကန်ရန်မလို
ဆယ်ပေါင်မျှအင်အားကိုအသုံးပြု၍ ဘေးသို့လွယ်ကူသက်သာစွာရွေ့လျှားရှောင်တိမ်းလိုက်ခြင်းဖြင့်အန္တယ်ကင်းနိုင်ပါသည်။
(
ခုခံတားဆီးမှုမရှိခြင်းသည် အောင်နိုင်ခြင်းဖြစ်သည် )
နှစ်ယောက်တွဲ လက်ခြင်းတွန်းကစားရာတွင် သင့်မိတ်ဆွေအား
သူသွားလိုရာနေရာသို သွားခိုင်းလိုက်ပါ၊သူလာချင်ရာနေရာသိုလာခိုင်းလိုက်ပါ၊ခုခံတားဆီး၍ပိတ်ဆို့မဆန့်ကျင်မိပါစေနှင့်သင်၏လှုပ်ရှားမှုအားလုံးတို့သည်သဘာဝတရားနှင့်လိုက်လျှောညီထွေမှုရှိပါစေ။
( လှုပ်ရှားကစားပါစမ်းရေအသွင်
ကောင်းကင်မိုးတိမ်နှင့် ပိုးချည်မျှင်)
ဆိုလိုသည်မှာဖါင်(သို့)ကစားကွက်မှလှုပ်ရှားမှုအားလုံးတို့သည်ဆတ်ကနဲ၊ဆတ်ကနဲ ပြတ်တောင်းပြတ်တောင်းမဖြစ်စေရပဲ
ပြတ်တောင်းမဖြစ်စေရပဲ စမ်းချောင်းအတွင်းတွင်စမ်းရေများတသွင်သွင်စီးဆင်းနေသကဲသိုလည်းကောင်း၊မိုးကောင်းကင်ထက်တွင်
မိုးတိမ်များ တလွှင့်လွှင့် ရွေ့လျှားနေသကဲသို့လည်းကောင်း လှုပ်ရှားကစားရပါမည်။
(သတိပြုရှောင်ရှား
အပိုအလိုများ )
လှုပ်ရှားမှုအားလုံးတို့သည်သဘာဝတရားနှင့်မဆန့်ကျင်မိစေရန် သတိပြုရှောင်ရှားရမည် အလွန်အမင်းအားစိုက်ထည့်ခြင်
နှင့် ပျော့ပျောင်းမှုလွန်ကဲ နေခြင်းတို့ကိုသတိထားလေ့ကျင့်ကစားရမည်။
( ရုပ်
နှင့် နမ်ကို ပေါင်းစည်းပါ လှည်းဝင်ရိုးမှ လှည်းဘီးပမာ )
ရုပ်
နှင့် စိတ်သည် လှည်းဘီးနှစ်ခုနှင့်တူ၏ တစ်ခုတည်းသီးခြားရပ်တည်၍မရ နိုင်ပါ ထို့ကြောင့်ဖေါင်ကိုအကြိမ်များစွာရုပ်ပိုင်းဆိုင်ရာကျန်းခိုင်မှုအတွက်လေ့ကျင့်သကဲသို့စိတ်ပိုင်းဆိုင်ရာစွမ်းရည်မြင့်မားမှုအတွက်လည်း
ဖေါင်၏လှုပ်ရှားမှုတိုင်းတွင်အသက်ရှုမှုနှင့်အတူ အာရုံစူးစိုက်မှုကို တစ်ပြိုင်တည်းထည့်သွင်းကစားရမည်။
( စိတ်အာရုံကို
စူးစိုက်ကာ စ၊ လယ်၊ ဆုံး လှုပ်ရှားပါ )
စိတ်အာရုံစူးစိုက်မှုမရှိဘဲလှုပ်ရှားကစားခြင်းသည်သာမန်လေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်ခြင်းမျှသာဖြစ်သည် စိတ်စွမ်းရည်တိုးတက်ရေးအတွက်အကျိုးမများပေထို့ကြေင့်စတင်လေ့ကျင့်ကစားချိန်မှစ၍ ပြီးဆုံးသည့်အချိန်အထိ အစ၊ အလယ်၊ အဆုံး နည်းစနစ်လှုပ်ရှားမှုတိုင်းတွင်
အသက်ရှုမှုနှင့်အတူ စိတ်အာရုံကို မပျံလွှင့်စေပဲ တစ်သားတည်းထည့်ကစားရမည်။
( မိမိကိုယ်တိုင်ရွေးချယ်စရာ
အရေအတွက်နှင့်အရည်အချင်းပါ )
မိမိ၏လေ့ကျင့်ကစားမှုသည်ကျန်းမာရေးအတွက်လား၊ ပြိုင်ပွဲဝင်ရန်အတွက်လား၊ကိုယ်ခံပညာအတွက်လား ဟုသေချာစွာဝေဖန်သုံးသပ်ပြီးမှ
မိမိနှစ်သက်ရာကိုဦးစားပေးလေ့ကျင့်ရမည်၊သို့မှသာ အချိန်တိုအတွင်း မိမိအလိုရှိရာကို
ထိထိမိမိ ကျွမ်းကျင်စွာတတ်မြောက်မည်။
( ကျန်းမာရေးအတွက်
လေ့ကျင့်တာ လိုချင်တာများတာကိုယ့်အမှားပါ )
မိမိလေ့ကျင့်ကစားမှုက
ကျန်းမာရေးအတွက်ရည်ရွယ်သော်လည်း မလိုအပ်ဘဲ ( ဖါင်)အရည်အတွက်များများအမျိုးအစားများများကိုလာဘတကြီးမလေ့ကျင့်မိစေရန်လိုပါသည် ကျန်းမာရေးအတွက်ဖြစ်သောကြောင့်အကြိမ်အရေအတွက်များခြင်းနှင့်နည်းခြင်းတိုကို
ဂရုပြု၍ နည်းစနစ်တကျ ပုံမှန်လေ့ကျင့်သွားရပါမည်။
( စာတွေ့
လက်တွေ့ လေ့ကျင့်တာ ကျန်းမာရေးအတွက် ဆေးတစ်ခွက်ပါ )
စတင်လေ့ကျင့်သည်နှင့်စာတွေ့နှင့်လက်တွေ့ကိုတစ်ပြိုင်တည်းပူးတွဲလေ့လာသွားရမည် ထိုက်ကျိချွမ်၏သမိုင်းကြောင်း၊နည်းစနစ်၊စည်းမျဉ်းစည်းကမ်း နင့်ဆးပညာတို့ကိုလက်တွေ့နှင့်ယှဉ်၍ တစ်ပြိုင်တည်းလေ့လာသွားရမည်၊
သို့မှသာ အခြားလေ့လာသင်ယူလိုသူတိုအား တိတိကျကျ အလွယ်တကူ ပြန်လည်၍ ရှင်းလင်းပြောပြ၊
သင်ပြနိုင်ပေမည်။
No comments:
Post a Comment