(as
laid down by gichin funakoshi )
1 - Kihon.. - Training in fundermentals
2 - Kata
.... Training in formal exercises
|
What is karate?
|
ိ
ကရာတေး(Karate)ဆိုသည်မှာကိုယ်ခံပညာရပ်ဖြစ်ယူခယူး(Ryukyu)ကျွန်းစုဒေသယခုအိုကီနာဝါ(Okinawa)တွင်ဖွံဖြိုးတိုးတက်လာကာ
တိုက်ခိုက်ရေးအားကစား(Combatsport)အဖြစ်လည်းလူသိများသည်၊အထူးသဖြင့်
ကရာတေးပညာရပ်၏ထက်မြက်စူးရှမှုအသုံးဝင်ထိရောက်မှုတို့အကြောင်းထည့်သွင်းရိုက်ကူးထားသောရုပ်၇ှင်ကား(Movies)များကြောင့်လည်းကရာတေးသည်ကမ္ဘာတွင်ပိုမိုလူသိများလာသည်။ ကမ္ဘာကျော် ကရာတေးရုပ်ရှင်
အက်ရှင်မင်းသားများမှာချက် (စ်) နောရစ်၊ ဗန်ဒိန်း၊ ဒေါ့လန်ဂရင်း၊
ဂျက်စပိမင်း စသည်တို့ဖြစ်ကြသည်။လည်းကောင်း
တို့အနက်မှ ဗန်ဒိန်းသည် (Ryukyu) သည် (Blood
Sport ) ရုပ်ရှင်ဇာတ်ကားဖြင့်နာမည်ကြီးသည်။
ကရာတေးပညာရပ်သည် ယူခယူး
( Ryukyu ) ကျွန်းစုဒေသတွင် အစပြုခဲ့သည်ဟုဆိုသော်လည်း ကမ်ပို (Kampo)
ကိုယိခံပညာရပ်မှ တဆင့်ဆင်းသက်လာခြင်းဟုလည်း ယူဆကြသည်။ ကရာတေး၏
မူလရင်းမြစ်တွင် ကိုယ်ခန္ဓာ
အစိတ်အပိုင်းအားလုံးနီးပါးကို အသုံးပြုတိုက်ခိုက် ရန်ဖေါ်ညွန်းထားသည်၊
လက်သီး၊ ဒူး၊ တံတောင်၊ ခြေထောက် တို့
ကို အသုံးပြုနိုင်သည်။ ထို့အပြင် ဖမ်းချုပ်ခြင်း၊ ကိုင်ပေါက်ခြင်းတို့လည်းရှိသည်။
၁၉၂၂ ခုနှစ်တွင်ကရာတေးသရုပ်ပြပွဲ
( Demostration ) တစ်ခုအား ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ပထမအကြီမ်အဖြစ်
ပြုလုပ်ခဲ့သည်၊ ၁၉၂၄ တွင် ( Keio ) တက္ကသိုလ်၌ ပထမဆုံး
ကရာတေးကလပ်ကို ဖွင့်လှစ်သည် ၊ ၁၉၃၂သို့ရောက်
သောအခါ ဂျပန်နိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်များ အားလုံးတွင် ကရာတေးကလပ်များ
( karate Club ) များဖွင့်လှစ်
ပြီးဖြစ်နေသည်။ ၁၉၆၀နှင့် ၁၉၇၀ ပြည့်နှစ်ကာလများအတွင်းကရာတေးသည်
နိုင်ငံတကာတွင်လူသိများသောကိုယ်
ခံပညာရပ်တစ်ခု အဖြစ်ရပ်တည်လာနိုင်သည်၊ လက်ရှိအချိန်တွင်ကမ္ဘာနိုင်ငံအသီးသီး၌
ကရာတေးပညာရပ်ကို လေ့
လာလိုက်စားသူ အရေအတွက်မှာ သန်း ( ၅၀ )ကျော် ရှိနေပြီ ဖြစ်ကြောင်း၊
ဂျပန်နိုင်ငံတကာ ဆက်ဆံရေးဌာနမှ
အတည်ပြုထုတ်ပြန်ထားသည်၊
ကရာတေးကိုယ်ခံပညာသည်
ကမ္ဘာ့အနှံတွင် ပျံနှံ့အောင်မြင်မှုရနေသကဲသို့ ရှိုတိုကန်စတိုင်(Sport Karate ) မှာ
လည်းအရှိန်အဟုန်ဖြင့်ဖွံဖြိုးတိုးတက်လျှက်ရှိသည် ကရာတေးအားကစားနည်းကို
ဖွံ့ဖြိုးတိုးတက်အောင် အဓိကဦး
ဆောင်လှုပ်ရှားနေသောအဖွဲ့အစည်းမှာ ကမ္ဘာ့ကရာတေးအဖွျဲ့ချုပ် (
World Karate federation ) ဖြစ်သည်။အခြား
ကရာတေးအဖွဲ့အစည်း များစွာရှိသေးသော်လည်း အိုလံပစ်ကော်မတီ (
IOC )နှင့်တရားဝင်ချိတ်ဆက်ဆောင်ရွက်နေ
သော အဖွဲ့အစည်းမှာကမ္ဘာ့ကရာတေးအဖွဲ့ချုပ် (WKF) ဖြစ်သည်။လက်ရှိကရာတေးပျြုင်ပွဲသည်
အိုလံပစ်ပြိုင်ပွဲတွင်မ
ပါဝင်သေးသော်လည်း ဒေသတွင်းပြိုင်ပွဲများတွင်ထည့်သွင်းကျင်းပလျှက်ရှိသည်၊
ကမ္ဘာ့တံခွန်စိုက်ကရာတေးပြိုင်ပွဲများ
ကိုလည်းပုံမှန်ကျင်းပလျှက်ရှိသည်။
![]() |
Add caption |
No comments:
Post a Comment